ပဓာနသုတ်
(ဝန်ခံချက်။ ။ဆရာအောင်သင်းရေးသားထုတ်ဝေသော မျိုးဆက်သစ်တို့အတွက် ပိဋကတ်မိတ်ဆက် မှ ထုတ်နုတ်တင်ပြပါတယ်။)
ပိဋကတ်တော် မြန်မာပြန်တွေကို ဖတ်နေမိတာ ဆိုတာ အရင်တစ်ပတ်က ရေးသားပြီးပါပြီ။ တစ်လံသောကိုယ် ဆိုတာကိုလည်း ရေးခဲ့ပါတယ်။ ဖတ်နေရင်းကပဲ ပဓာနသုတ် ဆိုတာက မင်းတို့ ငါတို့ စဉ်းစားလိုက်နာဖို့ ကောင်းတယ် ထင်မိတာကြောင့် ရေးလိုက်ပါဦးမယ်။ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ပထမတွဲမှာ တွေ့နိုင်ပါတယ်။ ကျမ်းညွှန်းပေးနေတဲ့ ရည်ရွယ်ချက်က မင်းတို့လိုလူငယ်တွေဟာ ပိဋကတ်တော်လို့ ဆိုလိုက်ရင် ဘုန်းကြီးတွေ အဖိုးကြီးတွေနဲ့သာဆိုင်တယ်လို့ အောက်မေ့နေတတ်ကြတယ်။ (ပြောမယ့်သာပြောလိုက်ရပါတယ်။ ငါတို့ငယ်ငယ်ကလည်း ဒီလိုပဲ ထင်မိတာပဲ။ အဲဒီလို စာအုပ်မျိုးတွေကို ဘာခေါ်ကြသလဲ သိလား။ ဘုရားမြပုခက် တဲ့လေ။ ဖတ်ဖို့ ကောက်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတော့တာကိုး) ဒီစာအုပ်တွေထဲမှာ သေချာဖတ်ကြည့်မယ်ဆိုရင် လူငယ်တွေအတွက် အောင်မြင်ရေး လမ်းညွှန်တွေ အများကြီး တွေ့နိုင်တယ်ဆိုတာ သတိပြုမိပြီး ကြုံလာရင် ကိုင်မိဖတ်မိအောင်လည်း ရည်ရွယ်ပါတယ်။

ပဓာနသုတ်မှာ ဘုရားက ရဟန်းတော်များကို ဟောကြားတာက -
“ စောင့်စည်းရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ အကုသိုလ်တရားယုတ်တွေကို မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ မဖြစ်လာအောင် စိတ်အားသတ္တိနဲ့ တားဆီးထားတာဖြစ်တယ်။ ”
“ ပယ်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တွေကို ပယ်ချင်တဲ့ ဆန္ဒနဲ့ စိတ်အားတင်းပြီး ပယ်ရန် အားထုတ်ခြင်း ဖြစ်တယ်။ ”
“ ပွားများရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်စေလိုတဲ့ ဆန္ဒပေါ်ပြီး ဖြစ်လာအောင် အားထုတ်ခြင်းဖြစ်တယ်။ ”
“ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသောကုသိုလ်တရားမြတ်တို့ကို တည်မြဲပွားများ နေစေရန် အားထုတ်ခြင်းဖြစ်တယ်။ ”
“ ရဟန်းတို့ ဤလေးပါးတို့၌ ပြင်းစွာအားထုတ်သော ရဟန်းဟာ နိဗ္ဗာန်ရောက်တယ်။ ”
မင်းဟာ ဆေးလိပ် မသောက်တတ်ဘူးဆိုပါတော့။ သွားပြီးအကျင့် မလုပ်ရဘူးပေါ့။ ဒါဟာစွဲတတ်တယ်။ ကျန်းမာရေး ထိခိုက်နိုင်တယ်။ ပိုက်ဆံကုန်တယ်။ သက်သက်မဲ့ အကျိုးယုတ်စေဖို့သာလျှင်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ သတိထားပြီးနေရင် “ စောင့်စည်းရန် အားထုတ်ခြင်း ” ပဲပေါ့။ အဲ့ဒီကနေ ဆင့်ပွားလိုက်ရင် ကွမ်းစားတာရော ၊ ဆေးခြောက်ရှူတာရော၊ မူးယစ်ဆေးဝါး သုံးတာရော အကုန်လုံး ပါလာတော့တာပေါ့။ တကယ်စဉ်းစား ကြည့်မယ်ဆိုရင် နို့စို့ကလေးဘဝက စပြီး ဆေးလိပ်သောက်တတ်ခဲ့တယ်လို့ ဘယ်မှာရှိခဲ့ပါ့မလဲ။ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိနေတာပဲ။ စောင့်စည်းရန် အားမထုတ်ခဲ့လို့ စွဲကုန်ကြတာ မဟုတ်ပေဘူးလား။
ပယ်ရန်အားထုတ်ခြင်းဆိုတာ ဆေးလိပ် စွဲနေတယ်၊ ဖြတ်ဖို့ကြိုးစားတယ်။ ဒါဟာ ပယ်ရန် အားထုတ်ခြင်းပဲပေါ့။ မင်းရဲ့ ဘဝတတ်လမ်းအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်နေတဲ့ အကျင့်ဆိုးကြီးတွေ ဘယ်နှစ်ခုလောက် ရှိနေပြီလဲ။ ပြန်စဉ်းစားကြည့်ပေါ့။ ခက်တာက တို့တစ်တွေက မသိတာမဟုတ်ဘူးကွဲ့၊ မလုပ်ကြတာ။ ပယ်ဖို့ အားမထုတ်ကြတာ။ ကိုယ့်ကိုကိုယ် အလိုလိုက် ဖျက်ဆီးနေကြတာ။ ပယ်ဖို့ အားထုတ်မှု နည်းကြတယ် လို့ ဆိုရမှာပေါ့။
ကောင်းတဲ့ အလေ့အကျင့်တွေကို မသိဘူးလားဆိုရင် သိနေကြသားပဲ။ အဲဒီ အကျင့်ကို ရအောင် ထူထောင်ကြဖို့ကျတော့ စိတ်အားထက်သန်မှု ပြင်းပြင်းပြပြ မရှိကြဘူး။ အဲဒီ အကျင့်ကောင်း အကျင့်မြတ်တွေကို ရအောင် အားထုတ်တာဟာ ပွားများရန် အားထုတ်ခြင်းပါပဲ။
ကိုယ့်မှာ ရှိနေပြီးသား အကျင့်ကောင်းကလေးတွေကို မပျက်အောင်၊ ဆက်လက် ရှင်သန်နေအောင် အားထုတ်တာဟာ “ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်း ” ပဲပေါ့။
အဲဒီ လေးပါးကို ပြင်းပြင်းထန်ထန် အားထုတ်တဲ့ ရဟန်းဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဘုရားကမိန့်တော်မူတယ်။ မင်းတို့ငါတို့ ဆယ်တန်းစာမေးပွဲဘာညာ ဆိုတာလေးတွေက တကယ်တော့ တောက်တီးတောက်တဲ့ ကိစ္စလေးတွေပါ။ ဘာမှ ပြောပလောက်တာမဟုတ်ပါဘူး။
မင်းကိုယ်မင်း ပြန်ပြီး သေချာစစ်ဆေးကြည့်လိုက်မယ်ဆိုရင် ဆောင်ရ ရှောင်ရမယ့် စာရင်းတွေ ထွက်လာမှာပါ။ အဲဒီ စာရင်းတွေကို မှတ်သားပြီး အားထုတ်ခြင်းလေးပါးနဲ့ တွယ်လိုက်ရင် အောင်မြင်တဲ့သူ ဖြစ်လာမှာပါ။
အဲ့ဒါဘုရားဟောပါ မောင်ရင်။ ။
=== ။ ။ ။ ===
“ ရဟန်းတို့ အားထုတ်ခြင်း လေးမျိုးရှိတယ်။ အဲဒါတွေက- စောင့်စည်းခြင်း၊ ပယ်ရန်အားထုတ်ခြင်း၊ ပွားများရန် အားထုတ်ခြင်း ၊ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်း တို့ ဖြစ်တယ်။ ”“ စောင့်စည်းရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ အကုသိုလ်တရားယုတ်တွေကို မဖြစ်စေလိုတဲ့ ဆန္ဒနဲ့ မဖြစ်လာအောင် စိတ်အားသတ္တိနဲ့ တားဆီးထားတာဖြစ်တယ်။ ”
“ ပယ်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသော အကုသိုလ်တရားယုတ်တွေကို ပယ်ချင်တဲ့ ဆန္ဒနဲ့ စိတ်အားတင်းပြီး ပယ်ရန် အားထုတ်ခြင်း ဖြစ်တယ်။ ”
“ ပွားများရန် အားထုတ်ခြင်းဆိုတာက မဖြစ်သေးတဲ့ ကုသိုလ်တရားတွေကို ဖြစ်စေလိုတဲ့ ဆန္ဒပေါ်ပြီး ဖြစ်လာအောင် အားထုတ်ခြင်းဖြစ်တယ်။ ”
“ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်းဆိုတာက ဖြစ်ပြီးသောကုသိုလ်တရားမြတ်တို့ကို တည်မြဲပွားများ နေစေရန် အားထုတ်ခြင်းဖြစ်တယ်။ ”
“ ရဟန်းတို့ ဤလေးပါးတို့၌ ပြင်းစွာအားထုတ်သော ရဟန်းဟာ နိဗ္ဗာန်ရောက်တယ်။ ”
=== ။။။ ===
ကဲ - အဲဒီ “ အားထုတ်ခြင်း လေးပါး ” ဟာမင်းတို့ငါတို့နဲ့ကော မသက်ဆိုင်ပေဘူးလား။မင်းဟာ ဆေးလိပ် မသောက်တတ်ဘူးဆိုပါတော့။ သွားပြီးအကျင့် မလုပ်ရဘူးပေါ့။ ဒါဟာစွဲတတ်တယ်။ ကျန်းမာရေး ထိခိုက်နိုင်တယ်။ ပိုက်ဆံကုန်တယ်။ သက်သက်မဲ့ အကျိုးယုတ်စေဖို့သာလျှင်ဖြစ်တယ်ဆိုတဲ့စိတ်နဲ့ သတိထားပြီးနေရင် “ စောင့်စည်းရန် အားထုတ်ခြင်း ” ပဲပေါ့။ အဲ့ဒီကနေ ဆင့်ပွားလိုက်ရင် ကွမ်းစားတာရော ၊ ဆေးခြောက်ရှူတာရော၊ မူးယစ်ဆေးဝါး သုံးတာရော အကုန်လုံး ပါလာတော့တာပေါ့။ တကယ်စဉ်းစား ကြည့်မယ်ဆိုရင် နို့စို့ကလေးဘဝက စပြီး ဆေးလိပ်သောက်တတ်ခဲ့တယ်လို့ ဘယ်မှာရှိခဲ့ပါ့မလဲ။ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာ သိနေတာပဲ။ စောင့်စည်းရန် အားမထုတ်ခဲ့လို့ စွဲကုန်ကြတာ မဟုတ်ပေဘူးလား။
ပယ်ရန်အားထုတ်ခြင်းဆိုတာ ဆေးလိပ် စွဲနေတယ်၊ ဖြတ်ဖို့ကြိုးစားတယ်။ ဒါဟာ ပယ်ရန် အားထုတ်ခြင်းပဲပေါ့။ မင်းရဲ့ ဘဝတတ်လမ်းအတွက် အနှောင့်အယှက် အတားအဆီး ဖြစ်နေတဲ့ အကျင့်ဆိုးကြီးတွေ ဘယ်နှစ်ခုလောက် ရှိနေပြီလဲ။ ပြန်စဉ်းစားကြည့်ပေါ့။ ခက်တာက တို့တစ်တွေက မသိတာမဟုတ်ဘူးကွဲ့၊ မလုပ်ကြတာ။ ပယ်ဖို့ အားမထုတ်ကြတာ။ ကိုယ့်ကိုကိုယ် အလိုလိုက် ဖျက်ဆီးနေကြတာ။ ပယ်ဖို့ အားထုတ်မှု နည်းကြတယ် လို့ ဆိုရမှာပေါ့။
ကောင်းတဲ့ အလေ့အကျင့်တွေကို မသိဘူးလားဆိုရင် သိနေကြသားပဲ။ အဲဒီ အကျင့်ကို ရအောင် ထူထောင်ကြဖို့ကျတော့ စိတ်အားထက်သန်မှု ပြင်းပြင်းပြပြ မရှိကြဘူး။ အဲဒီ အကျင့်ကောင်း အကျင့်မြတ်တွေကို ရအောင် အားထုတ်တာဟာ ပွားများရန် အားထုတ်ခြင်းပါပဲ။
ကိုယ့်မှာ ရှိနေပြီးသား အကျင့်ကောင်းကလေးတွေကို မပျက်အောင်၊ ဆက်လက် ရှင်သန်နေအောင် အားထုတ်တာဟာ “ အစဉ်စောင့်ရှောက်ရန် အားထုတ်ခြင်း ” ပဲပေါ့။
အဲဒီ လေးပါးကို ပြင်းပြင်းထန်ထန် အားထုတ်တဲ့ ရဟန်းဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်လို့ ဘုရားကမိန့်တော်မူတယ်။ မင်းတို့ငါတို့ ဆယ်တန်းစာမေးပွဲဘာညာ ဆိုတာလေးတွေက တကယ်တော့ တောက်တီးတောက်တဲ့ ကိစ္စလေးတွေပါ။ ဘာမှ ပြောပလောက်တာမဟုတ်ပါဘူး။
မင်းကိုယ်မင်း ပြန်ပြီး သေချာစစ်ဆေးကြည့်လိုက်မယ်ဆိုရင် ဆောင်ရ ရှောင်ရမယ့် စာရင်းတွေ ထွက်လာမှာပါ။ အဲဒီ စာရင်းတွေကို မှတ်သားပြီး အားထုတ်ခြင်းလေးပါးနဲ့ တွယ်လိုက်ရင် အောင်မြင်တဲ့သူ ဖြစ်လာမှာပါ။
အဲ့ဒါဘုရားဟောပါ မောင်ရင်။ ။
အောင်သင်း
(ဈေးကွက်ဂျာနယ်၊ အမှတ်(၇၇)၊ ၁၉၉၈ ခုနစ်)
(ဈေးကွက်ဂျာနယ်၊ အမှတ်(၇၇)၊ ၁၉၉၈ ခုနစ်)

0 comments:
Post a Comment