မောင်ဒီ၏ကဗျာများကို ခံစားခြင်း
ကဗျာဆရာမောင်ဒီ၏ လေညင်းကလေး အမည်ရှိ ကာရန်မဲ့ မော်ဒန် ကဗျာစာအုပ်များထဲမှ ခံစားမိသော ကဗျာများကို စုစည်းတင်ပြထားပါတယ်။ ဖတ်ရှုခံစား ကြည့်ပါ။ပျံလွှားငှက်
မင်းဟာ ခရီးသွားတဲ့
အခါမှာတော့
ယောက်ယက်ခတ်လို့ပဲ။
နေတော့ အလွန်တည်ငြိမ်ပြီး
တိတ်ဆိတ်တဲ့ ကမ္ဘားစောင်းကြီးများမှာ
အိမ်ကလေးတွေတူးပြီး
နေတယ်။
ငါတို့လည်း မင်းလိုပဲနေဖို့
တည်တည်ငြိမ်ငြိမ်နဲ့
တိတ်တိတ်ဆိတ်ဆိတ် ရှိမယ့်
နေရာကို ရှာနေကြတယ်။
ခုထိ မတွေ့သေးပါဘူး
ကွယ်.....။ ။

0 comments:
Post a Comment