Monday, December 31, 2007
Necktie ပတ်နည်း
Posted by
မိုးပေါက်
at
6:20 AM
0
comments
Labels: တိုတိုထွာထွာ
Monday, December 24, 2007
Friday, December 7, 2007
စိတ်နှလုံး ရွှင်လန်းစေဖို့
အလုပ်တွေနဲ့ပင်ပန်းပြီး စိတ်တွေ မွန်းကျပ်နေချိန်တွေမှာ ကိုယ်လုပ်တဲ့ အလုပ်တွေ မအောင်မြင်ဘဲ စိတ်ဓာတ်ကျနေချိန်တွေမှာ ဖတ်ရှုသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။ မှတ်သားစရာ များစွာပါရှိပြီး လိုက်နာ ကျင့်သုံးသင့်တဲ့ လက်ကိုင် ထားရှိသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။
စာအုပ်လေးရဲ့အနှစ်ချုပ်ကို ရေးသားပြီး စာဖတ်သူများအတွက် မျှဝေလိုက်ပါတယ်.....။
- ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လို ထင်တယ်ဆိုတာကို ကြောင့်ကျစိုက်နေဖို့ မလိုဘူး။
- ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများကိုယ့်ကို အထင်သေးတာကို ဂရုစိုက်မနေဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။
- သူများကို ဘယ်လိုလူစားလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့ ဖော်ပြနေတာနဲ့တူတယ်။
- တကယ်ကြီးကျယ်တဲ့၊ ထိရောက်တဲ့၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ အလုပ်၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံး သုံးရတဲ့အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့ မသင့်ဘူး။
- ကိုယ့်ဟာကို စိတ်ချမ်းသာအောင် မနေနိုင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိုင်ဘူး။
- စိတ်ဓာတ်ကျသွားရင် စိတ်အိုသွားတယ်။ သတိနဲ့ နေတဲ့စိတ်ဟာ ဘယ်တော့မှ မအိုဘူး။
- ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘဝကို ရောင်းစားတာနဲ့ တူတယ်။ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စိတ်ထားနဲ့ အရည်အချင်းကို ဖေါ်ပြနိုင်ရမယ်။
Posted by
မိုးပေါက်
at
4:47 PM
0
comments
Labels: သုတ
အစပိုင်းမှာတော့ ဒီလိုပါပဲ
“ဟေ့ ကြိုးစားပြီး သင်ပေးမနေပါနဲ့။ ဒီိကောင်က ခေါင်းမာတဲ့အကောင်။ လိုက်ပြီးလုပ်မှာ မဟုတ်ဘူး။ ”
အဲ့ဒီအခါမှာ အမျိုးသမီးက ဒီလိုပြန်ပြောလိုက်ပါတယ်...
“ရှင်ဘာမှ ဝင်မပြောနဲ့။ ရှင်ကော အရင်က ကျွန်မစကားကို ဘယ်မှာ နားထောင်ခဲ့လို့လဲ။”
စာကြွင်း - ချစ်လို့နားထောင်တာနေမှာပါနော်။ ဟုတ်တယ် ဟုတ်...။
Posted by
မိုးပေါက်
at
1:02 PM
0
comments
Labels: ဟာသစာစု
Monday, December 3, 2007
နတ်ပြည်တံခါး
နတ်ပြည်အဝင်တံခါးရှေ့မှာ သာသနာပြုဘုန်းကြီးနဲ့ ဘတ်စ်ကားဒရိုင်ဘာတို့ ရပ်နေကြပါတယ်။
သိကြားမင်းဟာ ၎င်းတို့ကို အတန်ကြာ အကဲခတ်နေပါတယ်။ အချိန်အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာ
ဘတ်စ်ကား ဒရိုင်ဘာကို နတ်ပြည်ကိုဝင်ခွင့် ပေးလိုက်ပါတယ်။ သာသနာပြုက မကျေမနပ်နဲ့ပြောပါတယ်။
“ ဘယ်လိုလုပ်တာလဲဗျာ၊ ကျွန်တော်က တစ်ချိန်လုံးဘုရားရဲ့ အဆုံးအမတွေကို ဟောတယ်။ သူက အရေးကြုံမှ ဘုရား တတယ်။ ”
“ ခင်ဗျားတရားဟောချိန်မှာ တရားနာသူတွေအားလုံး အိပ်မောကျကြတယ်။ သူကားမောင်းချိန်မှာ ခရီးသည်တွေအားလုံး ဘုရားတကြတယ်။ ဒါကြောင့် လူသားနဲ့ ဘုရားသခင် ပိုနီးစပ်အောင် သူက ခင်ဗျားထက် ပိုစွမ်းဆောင်နိုင်တယ်လို့ ကျုပ်ယူဆပြီးတော့ အခုလိုဆုံးဖြတ်လိုက်တာပဲ၊ မကျေနပ်လည်း မတတ်နိုင်ဘူး ”
စာကြွင်း - ကဲကုသိုလ်ရအောင် ဘယ်လိုလုပ်ရမလဲ။ နတ်ပြည် ရောက်အောင် ပေါက်ကရတွေချည်း လုပ်မနေနဲ့ဦး နော်…ဒါက ဟာသမို့လို့။တကယ်ဆို ပို့ပေးမှာ ဟုတ်ဘူးနော်။း)
Posted by
မိုးပေါက်
at
3:25 PM
0
comments
Labels: ဟာသစာစု
ကာကွယ်ရေးပစ္စည်း
လူရွယ်တစ်ဦး ဆေးဆိုင်ကို ရောက်လာပြီးတော့ အရောင်းသမလေးကို တိုးတိုးပြောလိုက်ပါတယ်။
အဲ့ဒီအခါမှာ အမျိုးသမီးလေးက ကျယ်ကျယ်ပြန်ပြောသည်။
“ဘာ ကာကွယ်ရေးပစ္စည်းလဲ၊ ကျွန်မတို့ဆိုင်က ဆေးဆိုင်ရှင့် ၊ ကာကွယ်ရေးဝန်ကြီးဌာနမဟုတ်ဘူးရှင့် ”
စာကြွင်း - ဝယ်မည့်ပစ္စည်းကို သေသေချာချာ ပြောဖို့တော့ လိုတယ်နော်။ ဘာဘာညာညာ ပေါ့။
Posted by
မိုးပေါက်
at
12:24 PM
0
comments
Labels: ဟာသစာစု
သူမပြောတဲ့စကား
“ မင်းဘေးမှာ ငါထိုင်ပြီးစကားပြောနေခဲ့တာ တစ်နာရီမကတော့ဘူး၊ ခုထက်ထိ မင်းဆီက စကားတစ်ခွန်းမှ တုန့်ပြန်မပြောသေးဘူး၊ ကဲဒါဆိုလည်း ကိုယ်ပြန်ပါတော့မယ်၊ နောက်ဆုံး ခင်မင်မှုအထိမ်းအမှတ်နဲ့ စကားလေးတစ်ခွန်းလောက်တော့ ပြောစမ်းပါ”
“ရှင်ထိုင်နေတဲ့ ကုလားထိုင်က စောစောကမှ ဆေးသုတ်ထားတာရှင့်”
Posted by
မိုးပေါက်
at
12:19 PM
0
comments
Labels: ဟာသစာစု
ပြောတာကို နားထောင်မှပေါ့
တစ်ခါက စကားထစ်သူတစ်ဦးဟာ ဆိုင်တစ်ဆိုင်ကနေ ရေခဲသေတ္တာ ဝယ်လာပါတယ်။ ဆိုင်ကအလုပ်သမားတစ်ယောက်ဟာ ရေခဲသေတ္တာကို ငါးထပ်တိုက်ပေါ်ကို ထမ်းတင်ပေးပါတယ်။ လှေကားတစ်လျှောက် တက်စဉ်မှာ စကားထစ်သူက တစ်စုံတစ်ရာပြောဖို့ ကြိုးစားပါတယ်။
အဲ့ဒီအခါမှာ အလုပ်သမားက နားမထောင်ဘဲ ပြန်ပြောပါတယ်
“အပေါ်ရောက်မှ ပြောဗျာ”
ဒီလိုနဲ့ အပေါ်ဆုံးထပ်ကိုရောက်လာပါတယ်။
အဲ့ဒီအခါမှာ အလုပ်သမားက
“ကိုင်း….. ဘာပြောချင်လို့လဲ၊ ပြောဗျာ”
“ကျွန်…ကျွန်တော်တို့ ဟို…ဟို.. ဝင်…ဝင်ပေါက်မှား… မှားဝင်မိတယ်….မှားဝင်မိတယ်ဗျ”
အလုပ်သမားက ဆဲရေးတိုင်းထွာပြီးတော့ ရေခဲသေတ္တာကို လာခဲ့သော လှေခါးအတိုင်း ထမ်းပြီးတော့ ပြန်ဆင်းလာပါတယ်။
အဆင်းလမ်းမှာ စကားထစ်သူက စကားပြန်ပြောဖို့ ကြိုးစားပါတယ်။အဲဒီလိုနဲ့ အောက်ကိုရောက်လာပါတယ်။
“ဒီတစ်ခါ ဘာပြောဦးမလို့လဲ”
“ကျွန်… ကျွန်တော်… ကျီ…ကျီစားတာပါ ခင်ဗျာ”
စာကြွင်း - ဖတ်မိတဲ့ ဟာသလေးတစ်ခုပါ။ အရာရာမှာ အလောတကြီး မလုပ်မိကြဖို့ တိုက်တွန်းထားသလို ခံစားရလို့ မျှဝေလိုက်ပါတယ်။
Posted by
မိုးပေါက်
at
11:07 AM
0
comments
Labels: ဟာသစာစု
Friday, November 30, 2007
ဆုတောင်း
မပေါင်းမဖြစ်တဲ့အခါကြရင် ဘယ်လိုလုပ်ကြမလဲ။
ဤ Post ဖြင့် ဆရာကြီးဦးသက်တင်နှင့် ဆရာများအားလုံးကို ဂါရဝပြုလိုက်ပါတယ်။
ဆုတောင်း
ငြင်းမနေကြပါနှင့်။
လက်ဝဲနှင့်လက်ယာ
အားလုံးဟာ…..
အသုံးဝင်ကြတာပါပဲ။
လက်တစ်ဖက် မပါလျှင်
ဝိတ်မ ချင်၍ မဖြစ်။
လက်နှစ်ဖက် မပါလျှင်
ထမင်းစားလို့ပင် မရ။
ခြေတစ်ဖက် မပါလျှင်
ဘောလုံးကန်၍ မဖြစ်။
ခြေနှစ်ဖက် မပါလျှင်
ထ၍ပင် မရ။ ။
ခြေနှင့်လက် လုံးဝကင်းမဲ့လျှင်
ပိုးတုံးလုံးတစ်ကောင်ကဲ့သို့ပင်။
သို့ရာတွင် ကျွေးမည့်သူရှိလျှင်ဖြင့်
အသက်ရှင်၍ရ၏။
လမ်းဘေးက
ဒုက္ခသည်များရဲ့ ဖြစ်အင်
ကျွန်ုပ် မမြင်ရပါလို၏။ ။
Posted by
မိုးပေါက်
at
5:30 PM
0
comments
Labels: ကဗျာစာစု, ဟိုတွေးဒီတွေး
Thursday, November 29, 2007
မိတ်ဆက်ခြင်း
တကယ်ကို ခမ်းခမ်းနားနားကြီး နေချင်ခဲ့တာပေါ့…
ငယ်ငယ်တုန်းကလေ…..
ချမ်းသာမှုတွေနဲ့ ပြည့်စုံတဲ့ သူဌေးကြီးလည်း ဖြစ်ချင်ခဲ့ဘူးပါတယ်…
လူတွေအားလုံးလေးစားခံတဲ့သူလည်း သိပ်ကိုဖြစ်ချင်ခဲ့တာပေါ့…..
အေးချမ်းသာယာတဲ့ မိသားစုဘဝကို လည်း အရမ်းကို ပိုင်ဆိုင်ချင်ခဲ့ပါတယ်…
မကွယ်မဝှက် ဝန်ခံရမယ် ဆိုရင် အကောင်းဆုံးဆိုတဲ့ အရာအားလုံးကို ပိုင်ဆိုင်ရယူချင်ခဲ့တာပါ…
အခုချိန်မှာတော့ ဘာကိုမက်မောတွယ်တာရမလဲ ......
ဘာ့အတွက် အသက်တွေရှင်သန်နေကြတာလဲ......
ဒီလို့နဲ့ပဲ.......
မပြည့်နိုင်သေးတဲ့ ဆန္ဒတွေနဲ့ ဘဝကိုလျှောက်လှမ်းရင်း ……
Posted by
မိုးပေါက်
at
5:26 PM
0
comments
Labels: စိတ်ထဲရှိသမျှ





























