Monday, December 3, 2007

နတ်ပြည်တံခါး

နတ်ပြည်အဝင်တံခါးရှေ့မှာ သာသနာပြုဘုန်းကြီးနဲ့ ဘတ်စ်ကားဒရိုင်ဘာတို့ ရပ်နေကြပါတယ်။

သိကြားမင်းဟာ ၎င်းတို့ကို အတန်ကြာ အကဲခတ်နေပါတယ်။ အချိန်အတန်ကြာ စဉ်းစားပြီးတဲ့နောက်မှာ

ဘတ်စ်ကား ဒရိုင်ဘာကို နတ်ပြည်ကိုဝင်ခွင့် ပေးလိုက်ပါတယ်။ သာသနာပြုက မကျေမနပ်နဲ့ပြောပါတယ်။

“ ဘယ်လိုလုပ်တာလဲဗျာ၊ ကျွန်တော်က တစ်ချိန်လုံးဘုရားရဲ့ အဆုံးအမတွေကို ဟောတယ်။ သူက အရေးကြုံမှ ဘုရား တတယ်။ ”

“ ခင်ဗျားတရားဟောချိန်မှာ တရားနာသူတွေအားလုံး အိပ်မောကျကြတယ်။ သူကားမောင်းချိန်မှာ ခရီးသည်တွေအားလုံး ဘုရားတကြတယ်။ ဒါကြောင့် လူသားနဲ့ ဘုရားသခင် ပိုနီးစပ်အောင် သူက ခင်ဗျားထက် ပိုစွမ်းဆောင်နိုင်တယ်လို့ ကျုပ်ယူဆပြီးတော့ အခုလိုဆုံးဖြတ်လိုက်တာပဲ၊ မကျေနပ်လည်း မတတ်နိုင်ဘူး ”

စာကြွင်း - ကဲကုသိုလ်ရအောင် ဘယ်လိုလုပ်ရမလဲ။ နတ်ပြည် ရောက်အောင် ပေါက်ကရတွေချည်း လုပ်မနေနဲ့ဦး နော်…ဒါက ဟာသမို့လို့။တကယ်ဆို ပို့ပေးမှာ ဟုတ်ဘူးနော်။း)

0 comments: