Friday, December 7, 2007

အစပိုင်းမှာတော့ ဒီလိုပါပဲ

တစ်ခါက အမျိုးသမီးတစ်ယောက်က ခွေးတစ်ကောင်ကို နောက်ခြေနှစ်ချောင်းနဲ့ ရပ်တတ်အောင် သင်ပေးနေ ပါတယ်။ အဲ့ဒါကို သူမရဲ့အမျိုးသားက ဘေးကနေ ကြည့်ပြီးတော့ သဘောမကျတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

ဟေ့ ကြိုးစားပြီး သင်ပေးမနေပါနဲ့။ ဒီိကောင်က ခေါင်းမာတဲ့အကောင်။ လိုက်ပြီးလုပ်မှာ မဟုတ်ဘူး

အဲ့ဒီအခါမှာ အမျိုးသမီးက ဒီလိုပြန်ပြောလိုက်ပါတယ်...

ရှင်ဘာမှ ဝင်မပြောနဲ့။ ရှင်ကော အရင်က ကျွန်မစကားကို ဘယ်မှာ နားထောင်ခဲ့လို့လဲ။


စာကြွင်း - ချစ်လို့နားထောင်တာနေမှာပါနော်။ ဟုတ်တယ် ဟုတ်...။

0 comments: