Sunday, May 25, 2008

အသိပေးစကားစုများ

(၁)

ရယူထားနိုင်ရင် အရသာရှိတယ်တဲ့။
ပေးစွန့်လိုက်ရင်လည်း အရသာရှိတာပါပဲ။
အရသာချင်းတော့မတူပါဘူး။
(၂)

စိတ်မကောင်းရက်နဲ့ စားရင် စားမကောင်းဘူး
မပျော်ဘဲအိပ်ရင် အိပ်မပျော်ဘူး။
(၃)
လွတ်မကျစေနဲ့
လွတ်သွားရင် လိုက်ဖမ်းဖို့ မမှီတော့ဘူး။
လိုက်ဖမ်းနေရင်လည်း ဘယ်ဆင်းရဲမှ
မမှီအောင် ခံစားနေရမယ်။
(၄)
သူ့အတွက်ပါဆိုပြီး ငါ့ဖို့ ပါတတ်တယ်။
ငါ့အတွက်ပါဆိုပြီး သူ့ဖို့ပါတတ်တယ်။
ငါနဲ့သူ မျှရဲ့လား။
(၅)
စောင်းမပြောနဲ့
တည့်တည့်ပြော။
ရွဲ့မထိုင်နဲ့
တည့်တည့်ထိုင်၊
ကိုယ်နဲ့ကိုယ်
တည့်ပါစေ။
(၆)
မတူညီကြတဲ့ အထဲမှာ
တူညီတဲ့သဘောကို
မြင်အောင်
ကြည့်တတ်ပါစေ။

    အပြည့်အစုံသို့ »